လာမည့် ဇန်န၀ါရီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့ ရှိ The One Entertainment Park မှာ မနက် ၁ဝ:ဝဝ နာရီမှ ည ၈:ဝဝ နာရီအထိ ကျင်းပ ပြုလုပ်သွားမည့် CarsDB Auto Show Reloaded 2019 ပွဲမှာ Volvo Cars Myanmar မှ Volvo Brand New ကားသစ်များကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။

ယခုပွဲသို့ လာရောက်ပြီး ဝယ်ယူအားပေးကြမည့် Volvo Cars ချစ်သူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်အဖြစ် Volvo Brand New ကားသစ်များကို ကနဦးပေးသွင်းငွေ ၂၀% နှင့် (၅) နှစ်အရစ်ကျ စနစ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလအတွင်း Volvo XC90 ကားအမျိုးအစား (Limited stock only) ကို ဝယ်ယူအားပေးကြမည့် Volvo Cars ချစ်သူများအတွက် ရန်ကုန်လိုင်စင်ကို အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Volvo Brand New ကားအမျိုးအစားအားလုံးအတွက်

- ၅ % အထူးလျော့ဈေး

- USD 1,000 တန် Gift Voucher

- တစ်နှစ်ကားအလုံးစုံအာမခံ

- ဓာတ်ဆီ (၁ဝဝဝ) လီတာ အခမဲ့ဖြည့်ခွင့် တို့ကိုလည်း လက်ဆောင် ပေးအပ်သွားမှာဖြစ်ပြီး

- 3 years warranty / unlimited kilometers

- 3 years/ 100,000 km free service maintenance ကိုလည်း ခံစားခွင့်ရမှာမို့ အခွင့်အရေးကောင်းကို လက်မလွှတ်စေဘဲ လာရောက်ကြည့်ရှု လေ့လာဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဈေးနှုန်းနှင့်အသေးစိတ်အချက်အလက်များကို Volvo Cars Myanmar

ဖုန်းနံပါတ် - 099 650 VOLVO [86586], 01-526206, 01-534144 သို့စုံစမ်းမေးမြန်းနိုင်ပါတယ်။